မြစ်သားမြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး၊ ယာယီဓာတ်အားလိုင်းပိတ်၍ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်

မြစ်သား  စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းနှင့် ဓာတ်အား   ပျောက်ဆုံးခြင်းများ လျော့နည်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို စက်တင်ဘာလ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဝန်ထမ်းများက မြို့ပေါ်ဗိုလ်ချုပ်လမ်းတစ်လျောက် လမ်းဘေးဝဲယာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အပတ်စဉ်သတ်မှတ်ထားသောရက်များတွင် ဆက်လက်ခုတ်ထွင်ရှင်းလင်းဆောင်  ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင် (မြစ်သား)