မိုင်းငေါ့ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမတွင် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကိုဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကင်းဝေးစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင် စေရန်ရည်ရွယ်၍ အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက် အရသိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြိုအုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းခင်မျိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့်နှင့် ဆရာ/ဆရာမများမှ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြပြီး၊ အ.ထ.ကကျောင်း(၁)ကျောင်း၊ အ.မ.က ကျောင်း(၄)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၅)ကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူ (၂၃၇) ဦးအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)