ပန်းဘဲတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၃၁)ဦးအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ပန်းဘဲတန်း စက်တင်ဘာ ၁၆ 


ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀/-) နှုန်းဖြင့် (၃) လစာ ငွေကျပ် (၃၀၀၀၀/-)ကို ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁) ရပ်ကွက်မှ သက်ကြီးဘိုးဘွား (၁၃၁) ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ဘိုးဘွားများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)