ပန်းဘဲတန်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန်က အ.လ.က(၁) ပန်းပဲတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစောဟိန်းကိုကိုစိုး ဦးဆောင်သည့် အဖွဲ့ဝင်တို့ဖြင့် ကျောင်းသား/သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးများ စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကြည်ကြည်နွဲ့ (ပြန်ဆက်)