ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်း ကျင်ကျေးရွာများမှစိုက်ပျိုးသည့် ခရမ်းချဉ်သီးပေါ်ချိန် ခရမ်းချဉ်သီးဈေးနှုန်းတစ်ပိဿာ ၂၀၀၀ ကျပ်ရောင်းချနေရကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးနန်းတင်က ပြော သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးခြင်းအား ပုပ္ပားတောင်မကြီး ပတ်ဝန်း ကျင် ကျေးရွာများဖြစ်သည့် ဆုံကုန်း၊ ဆင်ဆင်း၊ လှိုင်သာ၊ ကျားနေအိုင့်၊ ရေငံ၊ နဂါးလည်၊ လျှော်တော၊ ဆည်းမ၊ လက်ပံအိုင့်၊ လဲဂွ၊ညောင်ဖြူပင်၊ မုန့်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက် ကျေးရွာများတွင် စိုက်ပျိုးကြကာ ယခုနှစ်တွင် တစ်ပိဿာ ၂၀၀၀ ကျပ် ရောင်းချနေရကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးကြသည့် တောင်သူများ ခရမ်းချဉ်အပျက်အစီးအလွန်များခဲ့ပြီး အပင်ဖြစ်ထွန်းအောင်မြင်သည့် တောင်သူများသာ ခရမ်းချဉ်သီးအထွက်နှုန်းကောင်းကာ ဈေး ကောင်းလည်းရရှိကြကြောင်း ခရမ်းချဉ်တစ်ဧကစိုက်ပျိုးပြီး ပျက်စီးသွားသည့်ခရမ်းချဉ်စိုက်တောင်သူ ဒေါ်ဌေးကြည်က ရှင်းပြသည်။ ခရမ်းချဉ်စိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် စတင်ပျိုးထောင်ကာ ခရမ်းချဉ်ပျိုး(မျိုး)စေ့ထောင်ချိန် တစ်အိတ်တစ်စေ့နှုန်းထည့် ပျိုး ထောင်ရကြောင်း၊ ပျိုးထောင်ပြီးသုံးရက်မြောက်နေ့တွင် အပင်စတင်ပေါက်ကာ ပျိုးအိတ်ထဲ ၁၇/၁၈ ရက်သက်တမ်းရလျှင် ခရမ်းချဉ်စိုက်မည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း သိရသည်။
ခရမ်းချဉ်ပင်များ ရွှေ့ပြောင်းစိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ(ဂွ)ပွင့်စတင်ပွင့်ကာ အသီးစတင်သီးပြီး ၁၀ ရက်ခန့်ရှိလျှင် စတင်ရင့်မှည့်ခူးဆွတ်ရကြောင်း၊ ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာအများစုသည် ခရမ်းချဉ်မျိုးစေ့အား တစ်သုံးလုံးတံဆိပ်ဝယ်ယူပျိုးထောင် စိုက်ပျိုးကြကြောင်း သိရသည်။ တစ်သုံးလုံး ခရမ်းချဉ်ပျိုးစေ့ ၁၀၀၀ စေ့ပါပြီး၊ ၁၁၅၀၀ ကျပ် ပေးဝယ်ရကြောင်း၊ ရာသီဥတုအကြမ်းခံကာ ရေရှိသည့်နေရာတိုင်း စိုက်ပျိုးနိုင်ကြောင်း ရေသွင်းမြှောင်းဖြင့် စိုက်ပျိုးကြသည်။ ခရမ်းချဉ်သီးပေါ်ချိန် နှစ်ရာက်သို့မဟုတ်သုံးရက်ခြားကာ ခူးဆွတ်ရောင်းချရကြောင်း၊ ခုချိန်ခရမ်းချဉ်သီးပေါ်တဲ့ အရပ်နည်းခြင်းကြောင့် ဈေးနှုန်းကောင်းရရှိခြင်းဖြစ်ကြောင်း၊ ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ရွာများမှထွက်ရှိသည့် အသီးများအား ကျောက်ပန်းတောင်း ဈေးကွက်၊ ပခုက္ကူဈေးကွက်နှင့် မကွေးဈေးကွက်သို့ပို့ဆောင်ရောင်းချနေရကြောင်းသိရပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၂၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက် တောင်သူများ ဝင်ငွေကောင်းနေကြောင်း ဦးနန်းတင်ကရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD