ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ဘီးလင်း စက်တင်ဘာ ၂၁

ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြင်သာထေရဝါဒ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးညီလွင်အေး ကစားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းအရာများကို ပညာပေးဟောပြော ခဲ့ကြသည်။

ယင်းနောက် ဟောပြောပွဲတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိ လိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စားသုံးသူ​ရေးရာဦးစီး ဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထူးနောင်