တောင်ဥက္ကလာပမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ‌အရောက် အခမဲ့မျက်စိစမ်းသပ်ပေးခြင်းနှင့် အရစ်ကျစနစ်ဖြင့် မျက်မှန်ပြုလုပ်ပေးခြင်းများဆောင်ရွက်

တောင်ဥက္ကလာပ   စက်တင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ အခမဲ့မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်ပြုလုပ်ပေးခြင်းတို့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမဲ့မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်ပြုလုပ်ပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် EYE VISION မျက်မှန်ဆိုင်မှ တာဝန်ယူစမ်းသပ်ပေးခြင်းဖြစ်ပြီး မျက်စိအနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းတို့ကို့ အခမဲ့စမ်းသပ်ပေးသွားမည်ဖြစ်သည့်အပြင် မျက်မှန်တပ်ဆင်ရန်လိုအပ်သူများအတွက် မျက်မှန်ပြုလုပ်သည့် ကုန်ကျငွေအား အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)