သုံးခွ စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေ ရေး၊ ကြိုတင်သတိပြုကာကွယ်စေရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးမြေစိုက် နံရံကပ်စာစောင်ပြသမှုကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်တွင် မိမိတို့ မြို့နယ်အတွင်း ရောဂါကူးစက်မှုမဖြစ်ပေါ် စေရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း Mask ကို တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ သိရှိနိုင်ရေးအတွက် ရုံးရှေ့မြေစိုက် နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်