ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ကျောက်တလုံးကြီး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   တောင်ကြီးခရိုင်၊  ‌ကျောက်တလုံးကြီးမြို့၌   လတ်တ‌လော ကာလတွင် ပြန်လည်ဖြစ်ပွားနေသော   ကိုဗစ်-၁၉ ဗီဇပြောင်း   မျိုးကွဲသစ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇) နာရီခန့်က ကျောက်တလုံးကြီးမြို့၊ မြို့မစျေးနှင့် ကားလမ်းမကြီးတစ်လျှောက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနရေး ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်း အဖွဲ့များပူးပေါင်း၍ စျေးလာသော မိဘပြည်သူများနှင့် ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာ နေသောပြည်သူများအား နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်မကူးစက်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိဘပြည်သူများအား ပူးပေါင်းပါဝင်စေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)