မိုင်းဖြတ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်ဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်-၂ဖြင့် ပြည်သူများကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အထက(မိုင်းဖြတ်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ် မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်နှင့် ဝန်ထမ်းများက အထက(မိုင်းဖြတ်) ကျောင်းရှိ အသက် (၁၀) နှစ် ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ (၂၀၂)ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်၊ မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)