မိုင်းကိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အများ ပြည်သူအသိပညာတိုးပွားရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ပူးပေါင်း၍ ရွှေမိုင်းကိုင်ဟူသော ခေါင်းစဉ်ဖြင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့မနက် ၁၀ နာရီက ခင်းကျင်းပြသခဲ့သည်။
ပြပွဲတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး စာစောင်များ၊ လူကုန် ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးစာစောင်များ၊ ကိုဗစ်-၁၉ရောဂါ အသိပညာပေးပိုစတာများနှင့် ကျန်းမာရေးဗဟုသုတများ၊ လူငယ်တို့အတွက် လောကနီတိများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း များနှင့် သမိုင်းဝင်အထင်ကရ နေရာမှတ်တမ်းများကို ခင်းကျင်းပြသခဲ့သည်။
အဆိုပါပြပွဲသို့ ရပ်ကွက်လုပ်သား ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက လာရောက် ကြည့်ရှု ကြရာ နယ်မြေခံတပ်မှတာ ဝန်ရှိသူ များက နှာခေါင်းစည်း mask များနှင့် ကိုဗစ်-၁၉ ရောဂါအသိ ပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေကာ အများပြည်သူ အသိပညာ တိုးပွားရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်