ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချီဖွေ စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း  ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ချီဖွေမြို့ ဈေးအတွင်း ဈေးရောင်းသူ၊ ဈေးဝယ်သူများထံ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်။

ထိုသို့ Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့ဝန်ထမ်းများ ပူပေါင်း၍ မြို့မဈေးတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ များအား ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာတွင် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်၍ ရောင်းချပေးရန်၊ ဝယ်ယူစားသုံးသူများအနေဖြင့်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဝယ်ယူကြရန်၊ ဒေသခံမိဘပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာကြရန် နှိုးဆော်အသိပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း မရှိသူများကို Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား သည့် စည်းမျည်း စည်းကမ်းများကို လိုက်နာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ဈေးအတွင်း/ အပြင်နှင့် ကားလမ်းမ တွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားပြည်သူများထံ နှာခေါင်းစည်း Mask (၆၀၀)ခန့် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)