ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ဇယ်ဘန်ကောက်)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘုရားကြီး)၌ ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းပြုလုပ်

နမ့်ဆန် စက်တင်ဘာ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မာမာထွန်းမှ ယမန်နေ့ နေ့လည်(၁)နာရီအချိန်ခန့်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဇယ်ဘန်ကောက်) နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘုရားကြီး)၌ ဟောပြောပွဲနှင့်အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မာမာထွန်းက အားကစားဆိုင်ရာသိကောင်းစရာများကို ဟောပြောခြင်း၊ ကျောင်းသူလေးများမှ Myanmar Fitness Dance ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်မှ ဒေသတွင်းနေထိုင်ကြသော လူငယ်လူရွယ်များ ကျန်းမာရေးတွင် စိတ်ပါဝင်စားပြီး ကျန်းမာသန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် အကများကို ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်