သီပေါမြို့နယ် တုံစင့်ကျေးရွာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်

သီပေါ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တုံစင်ကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီက တုံစင်ကျေးရွာ သီပေါ-နမ္မတူ ကားလမ်းမကြီးဘေး တစ်လျှောက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနစသည့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ  ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အိမ်အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် စနစ်တကျ မကြာခဏဆေးကြောရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်၍ပါးစပ်၊ နှာခေါင်းစည်း(Mask)တပ်ဆင် ထားခြင်းမရှိသည့် ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)