သပိတ်ကျင်း စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ ကျေးလက်ကျန်း မာရေးဌာနခွဲမှ တာဝန် ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များပူးပေါင်း၍ မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ယမန်နေ့နံနက်ပိုင်းက နှာခေါင်းစည်းMaskများ (အခမဲ့) ဖြန့်ဝေခဲ့ပြီး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဝါးဖြူတောင်၊ လမ်းလယ်ကျစ်၊ ဖော့တောလမ်း ဆုံနှင့်ပိုးဇာနွယ်ကျေးရွာ များသို့ ကွင်းဆင်းသွားရောက်ပြီး၊ ကျေးရွာအတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် ပြည်သူများတိကျစွာ လိုက်နာ ဆောင်ရွက်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များအား ပြည်သူများတိကျစွာလိုက်နာရန် ပညာပေးကွင်းဆင်း ဆောင်ရွက်မှုလုပ်ငန်းများကို ဝါးဖြူတောင် ကျန်းမာရေးဌာနခွဲဆရာမဒေါ်မာမာဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဒုတိယမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းနှင့် ပရဟိတလူငယ်များမှ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ခဲ့ကြပြီး နှာခေါင်းစည်းMask (၁၀၀၀)ကျော်အား (အခမဲ့) ဖြန့်ဝေခဲ့ကြောင်းသိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)