ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

နမ့်ဆန် စက်တင်ဘာ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူကလေးများ     အသိပညာဗဟုသုတတိုးတက် ဖွံ့ဖြိုးစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရန်အတွက်   လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ()နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက လူငယ်များသည်အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း  လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ လူကုန်ကူးနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ  ခင်းကျင်းပြသခြင်းနှင့် Mobile Library စာအုပ်ငှားရမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)