ရန်ကုန် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ နှာခေါင်းစည်းမျာ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းတွင် ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုနယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပါးစပ်/ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို ပါးစပ်/ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များနှင့် စျေးများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးခြင်း၊ နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို