နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုန်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် စက်မှုလုပ်ငန်းများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါတွင်နေကြောင်း၊  အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းရှင်များ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးနှင့် မဟာဗျူဟာကျ စီးပွားရေးလုပ်ငန်းများ ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာဖို့အတွက် မြို့နယ်အတွင်းမှာရှိတဲ့ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေပြည်တော်အဆင့် ဌာနဆိုင်ရာများက အသေးစား၊ အလတ်စား စက်မှု/လက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် အသေးစား၊ အလတ်စား စက်မှု/လက်မှုလုပ်ငန်းရှင်များက မိမိတို့ သိလိုသည့်လုပ်ငန်းများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသေးစား၊ အလတ်စား စက်မှု/လက်မှု လုပ်ငန်းရှင်များနှင့် ရပ်ကွက်၊ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)