မိုးကောင်း စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မသန်စွမ်းပြည်သူများအား ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ ကျပ်စီကို ယမန်နေ့နံနက် ၁၀ နာရီခွဲမှ စတင် ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အစီအစဉ်ဖြင့် မသန်စွမ်းသူများအား မိုးကောင်းမြို့နယ်အတွင်း မသန်စွမ်းသူဦးရေ (၈၀၅) ဦးအတွက် စုစုပေါင်း ငွေကျပ် (၂၄,၁၅၀,၀၀ဝိ/-)အား ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ ဒေါ်ခင်လတ်ဖြူနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ မသန်စွမ်းသူများအား နေအိမ်အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများကို သက်ဆိုင်ရာ ကျေးရွာစာရေးများမှတစ်ဆင့် မသန်စွမ်းသူများ၏ နေအိမ်အရောက် လိုက်လံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)