အင်တော စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးလုပ်ငန်း၊ မြို့နယ် လျှပ်စစ်မှူးရုံးတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး၊ ဒေါ်လှလှထွေး နှင့် အင်တောမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ-၂၊ ဦးမျိုးမင်းကိုတို့က လျှပ်စစ်သုံးစွဲသူ ပြည်သူများ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုအန္တရာယ်များ၊ ကောင်းကင်ဓာတ်အားလိုင်းနှင့် ဆက်စပ်သည့် လျှပ်စစ်အန္တရာယ်များ၊ လူနေအိမ်များသို့ သွယ်တန်းထားသည့် ကြိုးများ ပေါက်ပြဲမှုကြောင့် ကျရောက်နိုင်သည့် လျှပ်စစ်အန္တရာယ်များ၊ လျှပ်စစ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနားလည် လိုက်နာကြစေရန်နှင့် ဓာတ်လိုက်ခြင်း များကြောင့် လူ့အသက် အန္တရာယ် မထိခိုက်စေရေးနှင့် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online Page မှတစ်ဆင့် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများကို Online မှ တစ်ဆင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆက်လက်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်တော (ပြန်/ဆက်)