ဆဒုံး စက်တင်ဘာ ၁၉
မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက ပြည်သူများ အသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သွေးလွန်တုတ်ကွေးရောဂါနှင့် ပတ်သက်၍ တစ်နှစ်ပတ်လုံးဖြစ်ပွားတတ် ကြောင်း၊ သွေးလွန်တုတ်ကွေး၏ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးမဖြစ်စေရေး ဆောင်ရန်၊ ရှောင်ရန်တို့ကို လည်းကောင်း၊ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများသို့ စာပေအသိပညာနှင့် ပြင်ပအသိ များပါ တိုးပွားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show) များကို စဉ်ဆက်မပြတ် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မာဝင်း(ဆဒုံး)