မတ္တရာ စက်တင်ဘာ ၁၉
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာ မြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမောင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ ကမ္ဘာ့အိုဇုန်းလွှာ ထိမ်းသိမ်းရေးနေ့ (World Ozone Day) အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီဂူတာရပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ “ထိန်းသိမ်းကြပါအိုဇုန်းလွှာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိမ်းသိမ်းရေးနေ့အကြောင်း အသိပညာပေး Video Clip ကိုပြသခဲ့သည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အ.ထ.က (မတ္တရာ) ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကို လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းနှင့် ယခုနှစ်ကျရောက်ခဲ့သော ကမ္ဘာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ်အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)