ကျိုင်းတုံတက္ကသိုလ်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ အသစ်များအား Online စနစ်ဖြင့်  ကြိုဆိုနှုတ်ခွန်းဆက် အခမ်းအနားကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ အသစ် များအား ယနေ့ နံနက် ၉ နာရီက  Online စနစ်ဖြင့်  ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ ဆရာမ အသစ် များက Online စနစ်ဖြင့် အဆိုပါကျောင်းခန်းမတွင်  တက်ရောက်ကြသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များတွင် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့နှင့် စက်တင်ဘာ ၁၅ ရက်နေ့များမှ စ၍ အသစ်ခန့်ထား သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ များအား ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က On Line (Virtual Meeting) စနစ်ဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ ကျိုင်းတုံတက္ကသိုလ်မှ  ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာ၊ ဒုတိယ ပါမောက္ခချုပ်၊ သက်ဆိုင်ရာ ဘာသာရပ်နည်းပြများ၊ ဌာနမှူးများ၊ ပါမောက္ခများနှင့်  နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်  ၅၄ တို့က Online စနစ်ဖြင့်  တက်ရောက်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)