လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

လှည်းကူး စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီက စတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။  ဒေသနေပြည်သူများအား သက်သသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုရာ အိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင်လည်း ဆန်တစ်ပြည်လျှင် ငွေကျပ် (၁၇၀၀) နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာလျှင် ငွေကျပ်(၄၈ဝဝ)နှုန်းဖြင့် ဆီပိဿာ(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင်ငွေ ကျပ်(၁၇၅)ဖြင့် ကြက်ဥအလုံး (၁၀ဝဝ)ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)