ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သူကောင်းတည်ကျေးရွာ၌ SMU စိုက်ပျိုးမွေးမြူ ရေးသင်တန်းဖွင့်လှစ်

ညောင်ဦး  စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သူကောင်းတည်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုကျေးရွာအဖြစ် သူကောင်းတည်ကျေးရွာအား ရွေးချယ်၍ ၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ပျိုးရေး GAP ပထမအကြိမ်အဖြစ် SMA စိုက်ပျိုး မွေးမြူရေးသင်တန်း ပထမအကြိမ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဒုတိယနှစ်အဖြစ် ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် စိုက်ပျိုး-မွေးမြူရေး သင်တန်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ သင် ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရပြီး သင်တန်းဖွင့်ဖွဲအခမ်းအနားတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ဦးစီးအရာရှိ ဦးစိုးပိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီမှ SMU ကျေးရွာ၏ လုပ်ငန်းစဉ်များနှင့် သင်တန်း၏ရ ည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။

အဆိုပါ သူကောင်းတည်ကျေးရွာသည် ဧရာဝတီမြစ်ရေကျချိန် ကျွန်းပေါ်ချိန်၌ ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် ကျေးရွာဖြစ်ခြင်းနှင့် ပိုးမွှာရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ သဘာဝပိုနှင် ဆေးနှင့် ငါးအမိုင်နိုသဘာဝအားဆေး ပြုလုပ်နည်းများနှင့် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုး နည်းစနစ်များအကြောင်းကို ငါ့သရောမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးထက်ထန်နှင့် လက်ထောက်ဦးစီးမှူး ဒေါ်အေးသီတာမိုးတို့မှ ပညာပေးသင်တန်းဆွေးနွေးပို့ချခဲ့ ကြောင်းသိရပြီး ယနေ့တွင် တိရစ္ဆာန်မွေးမြူရေးသင်တန်းကို ညောင်ဦးခရိုင် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖိုးဆေး ကြက်၊ ဝက်၊ နွား မွေးမြူကုသရေးနှင့် မျိုးကောင်းမျိုးသန့်များအကြောင်း ပညာပေးသင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ