မချမ်းဘော့ စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်များ ထက်သန်လာစေရန်နှင့် မြို့နယ်အတွင်းမှအား ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများနှင့် ဖွင့်ပွဲတက်ရောက်လာသူများက နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခြင်း၊ အားကစားသမားများက အားကစားအဓိဌာန် ရွတ်ဆိုခြင်းများ ဆောင်ရွက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကအား ကစားပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး အဖွင့်ပွဲစဥ်ကို မြို့နယ်ဌာနဆိုင်ရာအသင်းနှင့် နမ့်ခမ်းဘောလုံးအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာ ၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၈ သင်းတို့က အုပ်စု ၂ စုခွဲ၍ ပါဝင်ယှဥ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)