ကျိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျုင်းတုံမြို့တွင် ဝါတွင်းသုံးလကာလအတွင်း ဥပုသ်နေ့တိုင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရပ်တော်မူဘုရားကြီးနှင့် မဟာမုနိဘုရားကြီးတို့မှာ ဆွမ်းလောင်းစုရပ်သတ်မှတ်ပြီး တစ်လှည့်စီကျင်းပလျက်ရှိရာ ယနေ့ နံနက် ၆ နာရီက ရပ်တော်မူဘုရားကြီး၌ ကျင်းပသည်။
စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော် ၂၇၀ ပါး၊ သီလရှင် ၂၉ ပါးတို့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ က လောင်းလှူကြသည်။
ကျိုင်းတုံမြို့၌ ဝါတွင်းသုံးလကာလအတွင်း ဥပုသ်နေ့တိုင်း စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ရပ်တော်မူဘုရားကြီးနှင့် မဟာမြတ်မုနိဘုရားကြီးတို့မှာ ဆွမ်းလောင်းစုရပ်သတ်မှတ်ပြီး တစ်လှည့်စီကျင်းပလျက်ရှိရာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ နှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။
ကျော်စိန်သန်း (ပြန်/ဆက်)