မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မိုင်းယန်း   စက်တင်ဘာ   ၁၇

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေသခံတိုင်းရင်းသာပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ယနေ့နံနက် ၇ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းမောင်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က မိုင်းယန်းပန်းခြံလမ်းဆုံတွင် ဈေးသွားဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများတို့အား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉)ကာကွယ်ဖို့ မောင်တို့မယ်တို့လိုက်နာစို့ ပညာပေးပိုစတာဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာပါက စနစ်တကျ နှာခေါင်းစည်းတပ်ဆင်သွားလာကြရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)