ဖားကန့် စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့က မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ "ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြတ်ကိုကိုဦးနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်လွင်ဦးတို့မှ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာပျက်ဆီးရခြင်း၏ အခြေခံအကြောင်းတရားများ၊ အိုဇုန်းလွှာပျက်ဆီးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများနှင့် အိုဇုန်းလွှာပျက်ဆီးမှုမှကာကွယ်နိုင်သည့် နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ယမန်နေ့ကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား/သူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်