မော်လမြိုင် စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးအတွက် စည်ပင်သာ ယာရေးအဖွဲ့ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင်ကျင်းပ ပြလုပ်ရာမွန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မြို့ပြတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့အင်္ဂါရပ်နှင့် ကိုက်ညီရေးအတွက် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် အထူးအလေးထား ဆောင်ရွက်ကြရန်၊ မြို့တွင်း သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်စေရေး၊ အမှိုက်သိမ်းစနစ် ကောင်းမွန်ရေး ဆောင်ရွက်ရန်၊ အရိပ်ရပင်၊ အလှစိုက်ပန်းပင်များ ဝေဝေဆာဆာစိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းနှင့် ရေနုတ်မြောင်းများကို ချဲ့ထွင်တူးဖော်ဆောင် ရွက်ရန်၊ မြို့အတွင်း ရေပေးဝေ ရေးစနစ်များ ကောင်းမွန်ရေးအတွက် ဆောင်ရွက် ရန်၊ဈေးများတွင် ကိုဗစ် ၁၉ ရောဂါ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ် နမိတ်အတွင်း ကျူးကျော်နေထိုင်မှုများမရှိစေရေးနှင့် ကျူးကျော်မှုများရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ရန်၊ မြို့ပြ သွင်ပြင်လက္ခဏာ ပေါ်လွင်ရေး၊ အများပြည်သူ စိတ်ချမ်းမြေ့စွာ နေထိုင်သွားလာနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက မြို့ပြတည်ဆောက်ရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများက ဖြည့်စွက်အကြံပြုဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်