မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်ဘူတာကြီး၌ Mask Campaign ပြုလုပ်​​ ​ဆောင်ရွက်​​နေခြင်းအား လိုက်လံကြည့်ရှုအားပေး

မော်လမြိုင် စက်တင်ဘာ ၁၇

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေး ​ကြိုတင်ပြင်ဆင်ခြင်း များကို မြို့နယ်များအလိုက် ကိုဗစ်- ​ရောဂါပိုးစစ်​ဆေးခြင်း၊ ​လူထုအသွားအလာများသည့်​ နေရာများတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည်လှုံ့ဆော် အသိပညာ​ပေးခြင်း၊ ကာကွယ်​ဆေးများထိုးနှံ​ပေးခြင်း၊ Mask Campaign ပြုလုပ်​​​ပေးခြင်းများ ဆောင်ရွက်​လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ​ ယနေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်ဘူတာကြီး၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီး​ရေးရာ၊ မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ အသိပညာ​ပေး​ဆောင်ရွက်​နေမှု၊ Mask များ အခမဲ့​ဝေငှခြင်း အစီအစဉ် Mask Campaign ပြုလုပ်​​ဆောင်ရွက်နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့‌ကြောင်း သိရသည်။

ထိုနောက်မြန်မာ့မီးရထား (ပို့ဆောင်ရေး၊ တိုင်းအမှတ်-၈)မှ  တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ဘူတာရုံများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  စည်းကမ်းချက်များနှင့် အညီ လိုက်နာကြစေရေး၊ ဘူတာရုံပရဝုဏ် အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူမှ ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)