ဥတ္တရသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင်ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျနေထိုင် သွားလာပြီး လက်ကိုသန့်စင် အောင်ဆေးကြောခြင်းနှင့်နှာခေါင်းစည်းMaskများ တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိုအလေးထား ဆောင်ရွက်သွားကြရန် အသိပညာပေးပြောကြားခဲ့ပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဦးကျော်စွာဟိန်း(ပြန်/ဆက်)