မိုင်းယန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးခွန်ရဲထွေးက လူကုန်ကူးမှုလျော့နည်းပပျောက်စေရေးနှင့် ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် အခုလိုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးပိုင်စိုးဦးက လူကုန်ကူးမှုဆိုတာဘာလဲ လူကုန်ကူးမှုရဲ့ ဆိုလိုရင်း၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းတရားများ၊ လူကုန်ကူးသူများ အသုံးပြု သွေးဆောင်ဖြားယောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမှုမှာ လူကုန်ကူးမှု ကျူးလွန်သူကို အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူမှောင်ခိုကုန်ကူးမှုနဲ့ လူကုန်ကူးမှု ကွာခြားပုံ၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများစသည့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး