ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မီးဘေးသင့်နေအိမ်မိသားစုထံ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဒဂုံအရှေ့ စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသောအမှတ်(၆)ရပ်ကွက်၊ ပုဂံလမ်းရှိမီးလောင်ကျွမ်းခဲ့သော အိမ်အမှတ်(၇၆၂)မီးဘေးသင့်နေအိမ်မိသားစုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းကို အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်နံနက်(၁၀)နာရီအချိန်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သော မီးဘေးသင့်နေအိမ်မိသားစုအတွက် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တပ်ဖွဲ့မှူးဦးစိုးမြင့်လွင်ဦးဆောင်သော တပ်ဖွဲ့ဝင်များမှသွားရောက်၍ မီးဘေးသင့်နေအိမ်မိသားစုအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုးဖြစ်သော မိသားစုအသုံးအဆောင်ပစ္စည်း၊ မီးဖိုချောင်ပစ္စည်း၊ ကျန်းမာရေး၊ အမိုးအကာ၊ အမျိုးသမီးသုံးပစ္စည်းများအား လှူဒါန်းထောက်ပံ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်၊ အမှတ် ၆ ရပ်ကွက်ပုဂံလမ်းတွင် နေထိုင်သောအိမ်အမှတ်(၇၆၂-ခ)နေအိမ်တွင် စက်တင်ဘာ(၁၅)ရက်နံနက်ပိုင်းတွင် နှစ်ပင်လိမ်ဝါယာကြိုးများဖြင့် အိပ်ခန်းအတွင်းဖြတ်၍ လျှပ်စစ်ထမင်းပေါင်းအိုးသို့ သွယ်တန်းအသုံးပြုထားသော ဝါယာကြိုးအဆက်မှမီးပွားကျ၍ မွေ့ယာသို့မီးကူးစက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၎င်းမီးဘေးသင့်နေအိမ်မိသားစုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းပေးအပ်ဖြစ်ကြောင်းသိရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)