တွံတေး စက်တင်ဘာလ ၁၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အိုးဖိုအနောက်ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီက အိုဖိုအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ စားဆီတစ်ပိဿာလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀/- ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန်( ၂၄)ပြည်ဝင် ဆန်အိတ်(၁၀)အိတ်၊ ဆီ(၉၀)ပိဿာ၊ ကြက်ဥအလုံး (၇၅၀)ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမျိုးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
တွံတေးသား