ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ ထားရှိကုသရန် ကြိုတင်ပြင်ဆင်ထားမှုများစစ်ဆေး

ခိုလမ်  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ကုတင်(၁၀၀)ဆေးရုံးတွင် ကိုဗစ်-၁၉ ရောဂါလူနာ တွေ့ရှိလာပါက ကုသရန်အတွက်  ဆောင်ရွက်ထားရှိ ပြင် ဆင်ထားရှိမှု အခြေအနများအား ယနေနေ့လယ် ၁၂ နာရီ အချိန်က မြို့အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်မြင့်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများသည် ကုတင် (၁၀၀) ဆေးရုံးတွင် ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုရာ  ကုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်မှ ကုတင်(၆၀)ဆောင်ရွက်ထားရှိပြီး လိုအပ်မည့် အောက်ဆီဂျင်(၄၀) လီတာအိုး(၁၀၀)လုံး၊ အောက်ဆီဂျင် စက်အလုံး(၂၀)ထားရှိထားပြီး အောက်ဆီဂျင်မပြတ်လပ်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များာ ဖြည့်စွက်မှာကြားပြီး ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအား ပြောကြာခဲ့ကြောင်း သိရသည်။

ဖြူဖြူသော်(ပြန်/ဆက်)