တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကယ်ရေး Mask Campaign ပြုလုပ်

တောင်ဥက္ကလာပ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ကြီးကြပ်မှုဖြင့် ပုဏ္ဏမီ‌စျေး‌နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက် (၈:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ရောဂါပိုးစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော ပူးပေါင်းအဖွဲ့မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျဝတ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲ နှာခေါင်းစည်း Mask ဝတ်ဆင်ပြီးမှ ဝယ်ယူကြစေရေး၊ ကျောင်းသား၊ ကျောင်းသူများလည်း နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရေး အသိပညာပေးပြောကြားလျက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)