တနိုင်း စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၅) ရက်နေ့ မွန်းတည့် (၁၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် တနိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းမှ အဖွင့်အမှာစကား ပြောကြားရာ တနိုင်းမြို့နယ် နယ်မြေဒေသ ဖွံ့ဖြိုးတည်ငြိမ်အေးချမ်းနိုင်ရေး၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံပေးနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီအသိပေး ဆောင်ရွက်ရန်နှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပတ်သက်သော သတင်းများကို ၂၄ နာရီ အသိပေးတင်ပြပေးရန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)