တနိုင်းမြို့နယ်၌ ပြည်သူများ Mask တပ်ဆင်သွားလာရေး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနိုင်း  စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ခံရမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပထွက်ခွာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအဖွဲ့များပူးပေါင်း၍ ဒေသအတွင်း သွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ် မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များကို လိုက်နာကျင့်သုံးကြရန်၊ ပါးစပ်နှာခေါင်းစည်း (Mask)ကို လူထူထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Mask) ခုရေ (၁၀၀၀) အား အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မနောမြေ(တနိုင်း)