မိုးနဲ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့် ဆည်းပေးနိုင်ရေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးဆောင်သော အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က နမ့်မော်ဆွမ့် ကျေးရွာအုပ်စု နမ့်မော်ဆွမ့်ကျေးရွာ စိန်တောင် ဘုန်းတော်ကြီးကျောင်း တွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးလက်နေပြည် သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျေးရွာမြေငှားဂရမ်ဆောင်ရွက်မှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကူးမှုမရှိစေရေးလုပ်ငန်းတွင် ပြည်သူများ ပူပေါင်းပါဝင်ရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ၊လျှပ်စစ်ကဏ္ဍခြိုးခြံချွေတာသုံးစွဲရေး၊ လျှပ်စစ်အန္တရာယ် မဖြစ် ပေါ်ရေး၊ အိမ်ထောင်စုစာရင်းပျက်စီး/ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လမ်းတံတား ကဏ္ဍတိုးတက်ကောင်း မွန်စေရေး၊ သောက်သုံးရေဖူလုံစွာရရှိရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာကြသည့် ကျေးရွာပြည်သူ များ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)