နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြော

နမ့်စန်()  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်()ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လွိုင်လင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းတိုးက ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူ၏တာဝန်များနှင့်အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဓာတုဗေဒဆိုးဆေးများ၏ ဆိုးကျိုးများနှင့် လိုက်နာရန်စည်းကမ်းများ၊ စီမံခန့်ခွဲရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတာဝန်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လွိုင်လင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းတိုးနှင့် ဝန်ထမ်းများက စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အ.ထ.က (နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်