မိုင်းပျဉ်းမြို့၊ ယမ်းမိုင်ရွာ၌ နယ်လှည့်ဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြခြင်း ဆောင်ရွက်

မိုင်းပျဉ်း စက်တင်ဘာလ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နယ်လှည့်ဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြသခြင်းကို ၂၀၂၂ ခုနှစ် ယမန်နေ့ နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာ အ.မ.က ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ကိုဗစ်−၁၉ရောဂါအကြောင်း၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို အသိပညာပေးဟောပြောဆောင်ရွက်ပါသည်။ ထိုနောက် ဓာတ်ပုံ၊ နံရံကပ်စာစောင်အဖြစ်ပြသထားသော မူးယစ်ဆေးဝါးဆိုင်ရာ မှတ်တမ်းများနှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေးမှတ်တမ်းများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။        

အဆိုပါ ဟောပြောပွဲ၊ ဓာတ်ပုံ/နံရံကပ်ဓာတ်ပုံပြသပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းအလေ့အကျင့်ရရှိစေရန်နှင့် စာပေ၏တန်ဖိုးကို သိရှိနားလည်လာစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်း၊ ကာယ၊ ဉာဏသွက်လက်ထက်မြတ်စေရန်အတွက် ဂိမ်းဆော့ကစားစေခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)