နေပြည်တော် စက်တင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က လူသားတွေအပေါ်အိုဇုန်းလွှာရဲ့ အကျိုးပြုပုံ၊ အိုဇုန်းလွှာပျက်စီးရခြင်းရဲ့ အကြောင်းအရင်းနှင့်ပျက်ဆီးပါက ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ရန်နည်းလမ်းများ၊ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်များ၊ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်ရည်ရွယ်ချက် အဓိပ္ပါယ်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online မှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)