ညောင်ဦး စက်တင်ဘာ ၁၆
ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ညောင်ဦးမြို့လမ်းဆုံ မီးပွိုင့်နေရာ များနှင့် မဏိစည်သူဈေးပတ်ဝန်းကျင်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ပေးဝေလှုပ်ရှားမှုပြုလုပ်ခဲ့ကြာင်း ပတ်ဝန်ကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ကြူကြူလွင်(လက်ထောက်ညွှန်ကြားရေးမှူး) ထံက သိရသည်။
၃၆ နှစ်တာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သက်ရှိများအတွက် အိုးဇုန်းလွှာအကျိုးပြုမှုအား ညောင်ဦးမြို့လမ်းဆုံမီးပွိုင့်များတွင် အများပြည်သူ သိရှိနိုင်ရန် ပညာပေးမြေ စိုက်ဘုတ်စိုက်ထူပြသထားခြင်း၊ မဏိစည်သူဈေးပတ်ဝန်းကျင်နှင့် လမ်းဆ နေရာများတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများအား ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းနိုင်နှင့် ဝန်ထမ်းများကာ လိုက်လံဝေပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ဘုတ်၊ ပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်စည်းများ ပေးဝေခြင်းအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ