နေပြည်တော်ကောင်စီမှ လယ်​ဝေးမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ​ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေး

လယ်ဝေး စက်တင်ဘာ ၁၆

နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ  အိမ်ထောင်စုများအား ယနေ့ည​နေပိုင်းက ဆန်များစျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

လယ်ဝေးမြို့နယ် အမှတ် ၁ ရပ်ကွက်အတွင်းရှိ ပြည်သူများအားအိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည်ကို (၁၀၀၀)ကျပ်ဖြင့် (၁၃၉) ပြည် ရောင်းချပေးခဲ့ရာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)