ချင်းရွှေဟော်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ချင်းရွှေဟော် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် ဆုပေးပွဲအခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူး အောင်လွင်ဦးက ဒုရဲမှူးအောင်လွင်ဦးမှ လူကုန်ကူးမှုသမိုင်းကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် လူကုန်ကူးခံရသူများ၏ ဆိုးဝါးသော အဖြစ်အပျက်/ ခါးသီးသော အတွေ့အကြုံဖြစ်ရပ်မှန်များ၊ အခြားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရသည့် ဖြစ်စဉ်မှန်များ၊ ယခုလက်ရှိ မြန်မာ-တရုတ်နယ်စပ်တွင် ဖြစ်ပွားနေသော လူကုန်ကူးမှု ဖြစ်စဉ်မှန်များနှင့် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရာမှ ကြုံတွေ့ရသည့် အခက်အခဲများ၊ ပြည်ပအလုပ် အကိုင်နှင့် ပတ်သက်သည့် အချက်အလက်များ၊ အဓမ္မလက်ထပ် ထိမ်းမြားခြင်းနှင့် ပြည့်တန်ဆာပြုခြင်း စသောလူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အများပြည်သူများမှ ပါဝင်ကူညီ သင့်ပုံ စသည့်အကြောင်းအရာများ၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ချင်းရွှေဟော် ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူမောင်မောင်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ  အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။၊ ၎င်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြာင်းအရာများနှင့် ပတ်သက်သည့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူ (၁၀) ဦးအား တာဝန်ရှိသူ များက ဆုများချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ဓါတ်ပုံများအား ခင်းကျင်းပြသကာ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှ တာဝန်ရှိသူများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)