ထန်းတပင် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးရုံး၀န်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးများရှောင်ရှားကြရန်၊ လက်ကိုခဏခဏဆေးရန်နှင့်ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို mask Campaign ပြုလုပ်၍ mask များအခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသန့်ဇော်၀င်းဦးဆောင်သော ၀န်ထမ်းများမှ ထန်းတပင်မြို့ မြို့မဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရေးစသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လဲ့လဲ့အေး(ပြန်/ဆက်)