လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ရေဥက္ကံကျေးရွာအခြေခံပညာမူလတန်းကျောင်းအမှတ်(၁၆)တွင် ကျောင်းသူ၊ ကျောင်းသားများနှင့် အမှတ်(၈)ရပ်ကွက်တို့တွင် အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ ပြုလုပ်ခြင်းဖြင့် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများတို့သည် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးအတွက် Mask များကို စနစ်တကျတပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်လမ်းညွန်ချက်များ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့်မှီအောင်ထိုးနှံပေးကြရန်နှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာကြရန်အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား နှာခေါင်းစည်း Mask ပုံမှန်တပ်ဆင်ကြရန်၊ ဈေးရောင်း၊ ဈေး၀ယ်ပြည်သူများ၊ လမ်းသွားလမ်းလာများကို Mask များအခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းတို့ပူးပေါင်း၍ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကြရန် Mask Campaign အသိပညာပေး ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)