ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပငန်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူဦးသန်းဝင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း စစ်ကြောင်းကြီးငါးကြောင်းအသွင်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ဌာနဆိုင်ရာများ၊ မိမိရပ်ကွက်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများပူးပေါင်း၍ သန့်ရှင်းဆောင်ရွက်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ Mask Campagin များဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ မိမိတို့မြို့နယ်သည် နယ်မြို့များနှင့် မတူညီကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက်ညီလက်ညီဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါများ ပြန်လည်ဖြစ်ပွားမှု မြင့်တက်လာသဖြင့် မိမိတို့ရုံးဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ လုပ်ကိုင်ကြရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ရန်၊ မိမိတို့မြို့ရွာလုံခြုံရေးကို တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပေးသည့် ရပ်ကွက်တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း၊ လုံခြုံရေးကိုမပေါ့ဆရန်နှင့် ဆက်လက်၍ ယခုကဲ့သို့ အမြင်လေးမြင်ဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်းပြောကြားသည်။

ဆက်လက်၍ စီမံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး ဌာနဆိုင်ရာစစ်ကြောင်းကြီးများအလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)