ပန်လုံ စက်တင်ဘာ ၁၅
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန် က ပန်လုံမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်နေမျိုးလတ်နှင့် တပ်ဖွဲ့ဝင်များသည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပန်လုံမြို့ဝင်စေတီ၊ နေထွက်တောင်စေတီ၊ ပန်လုံမြို့အဝင်လမ်းမကြီးတစ်လျှောက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် တိုက်နယ်ဆေးရုံဝင်းတို့အား သန့်ရှင်းသာယာရေးအတွက် သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်လုံ (ပြန်/ဆက်)